Motherly (2021)=============2021 ထွက် Horror Movies အမျိုးအစားပါပဲ . ဇာတ်လမ်းအညွှန်းလေးပြောရရင်အသိမိတ်ဆွေတစ်ယောက်က အပြင်သွားစရာရှိလို့ ကိတ် အိမ်မှာ သူ့ကလေးကို ခဏလာအပ်ထားခဲ့ပါတယ်။ဖြစ်ချင်တော့ တူတူပုန်းတမ်း အတူဆော့ရာကနေ အဲ့ကလေးလေးက သေသွားခဲ့တယ်ပေါ့။
သတ်လိုက်တဲ့သူကလည်း ကိတ်ရဲ့ ခင်ပွန်း ဖြစ်နေတယ်။
အဖြစ်အပျက်တွေက ၂နှစ်လောက်ကြာသွားပေမယ့်လည်း ကိတ်အတွက်တော့ စိတ်ဒဏ်ရာတခုလိုဖြစ်နေခဲ့ပြီးလူသူမသိတဲ့နေရာမှာ သမီးလေးနဲ့အတူ ဘဝအသစ်စဖို့ကြိုးစားနေတဲ့အချိန်မှာ ထောင်ကျနေတဲ့ခင်ပွန်းဖြစ်သူကကိုယ့်ကိုယ်ကိုသတ်သေပြီးတော့ ကိတ်အတွက်စာတစ်စောင်ချန်ခဲ့ပါတယ်။ သူချန်ခဲ့တဲ့စာအဓိပ္ပါယ်က ဘာဖြစ်မှာလဲ????အသတ်ခံရတဲ့ကလေးရဲ့မိဘတွေကလည်း ကိတ်ကိုရှာတွေ့သွားပြီးတော့ အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားကြတယ်။ကိတ်ရဲ့သမီးလေး ဘက်ရဲ့ဘေးကင်းမှုနဲ့ အသတ်ခံလိုက်ရတဲ့ သူတို့သမီးအတွက် အမှန်တရားကိုသိဖို့အတွက် အလဲအလှယ်လုပ်ကြတဲ့ချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ . . .နောက်ပြီး အချိန်ပေးရတာနဲ့တန်အောင် စိတ်ဝင်စားစရာကောင်းတာမို့ ဆက်လက်စောင့်ကြည့်ကြပါဦးနော်(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, Thet Hnin Hsuတို့ပဲဖြစ်ပါတယ်။)